Posts

Showing posts from October, 2021

ဝက်ခြံအကြောင်းပြောပြမယ်

Image
                                                https://www.facebook.com/mikadoacnegel/    မျက်နှာပေါ်မှာ ပေါက်နေတဲ့ ဝက်ခြံကိုကြည့်ပြီး အရေပြားဆရာဝန်တွေက လူနာရဲ့ ရောဂါကို ဟောကိန်းထုတ်ကြသလို တရုတ်တိုင်းရင်းသမားတော်တွေကလည်း မျက်နှာအသားအရေနဲ့ ဝက်ခြံကိုကြည့်ပြီး ဆေးကုသရာ ထိရောက်မှု ရှိတယ်လို့ ဆိုကြပါတယ်။ ဒါ Face Mapping ကုသနည်းလေးပါတဲ့။ မျက်နှာပေါ်က ဝက်ခြံအနေအထားကိုကြည့်ပြီး မိမိကျန်းမာရေးအခြေအနေကို တစေ့တစောင်း အကဲခတ်၍ ဝေဒနာကြီးကြီးမားမား မဖြစ်မီ ကြိုတင် ကာကွယ်ထားနိုင်ကြပါရန် အောက်ပါအတိုင်းမျှ ဝေလိုက်ရပါတယ်။ နှဖူးပြင်ပေါ်က ဝက်ခြံများ ဆီးအိမ်နဲ့ အစာခြေ လမ်းကြောင်းပေါ်မှာ ပြဿနာတစ်ခုခု ရှိနေပါပြီ။ အဲဒီနေရာတွေမှာ မကြာခဏဆိုသလို ဝက်ခြံပေါက်ခဲ့ရင် ရေများများသောက်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေ ပိုစားပေးရပါမယ်။ (ဆေးသုတေသီတွေရဲ့ အဆို အမိန့်တွေအရ အမျိုးသမီးတွေမှာ အများဆုံးပေါက်လေ့ရှိတဲ့ နေရာဖြစ်ပါတယ်တဲ့။) မျက်ခုံးမွှေး နှစ်ခု အလယ်တည့်တည့်က ဝက်ခြံများ နားရွက် နှစ်ဖက်စလုံးကလည်း ဝဲ၊ ယာ ကျောက်ကပ်တွေနဲ့ ဆက်နွယ်မှု ရှိနေကြပါတယ်။ အကယ်၍ နားရွက်နှစ်ဖက်လုံးနီပြီး ပူထူနေတဲ့အခါ ခန္ဓာကိုယ် ထဲမှာ အဆိပ်အတောက်တွေ မျ